မိုးနဲ ဇူလိုင် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်၏ နှစ်ပေါင်းတစ်ရာကျော်ကျရောက်ခဲ့သော သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ကျောင်းသား/ကျောင်းသူများ အနေဖြင့် မှတ်မှတ်ထင်ထင်ရှိနေစေရန်၊ ကျောင်းပြင်ပဗဟုသုတ ပိုမိုရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးမှုရှိစေရန်၊ ညဏ်ပညာပိုမိုထက်မြက်လာစေရန်နှင့် လိမ္မာယဉ်ကျေးပြီး ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်အတွက် ပြိုင်ပွဲကိုကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ပြောကြားခဲ့သည်။
ပြိုင်ပွဲသို့ အခြေခံပညာမူလတန်းကျောင်းများမှ Grade-5 အဆင့် ကျောင်းသား/ကျောင်းသူ ၂၁ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား (၇၅) နှစ်မြောက် ဒုတိယစိန်ရတုအာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)