ဒေါပုံ စက်တင်ဘာ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အမှတ် (၁)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်သက်ထူးက ဒေါပုံမြို့နယ်တွင် ယခင်ကိုဗစ်-၁၉ ရောဂါကာလ လှူဒါန်း ရရှိသော အလှူငွေများနှင့် အသုံးစရိတ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ယခုအချိန်အခါသည် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ ပိုမိုများပြား လာခြင်း၊ ဒေါပုံမြို့နယ်တွင် Community Based Quarantine Centre ဖွင့်လှစ်ရန်အတွက်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပရဟိတအသင်းအဖွဲ့များအားလုံး ပူးပေါင်း၍ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ သည်။
အဆိုပါအခမ်းအနားကို ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပရဟိတအသင်းအဖွဲ့များ တက်ရောက်ကြောင်း သိရသည်။
သဲစုစုလွင် (ပြန်/ဆက်)