မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(နောင်တုံ)၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းခုတ် ဇူလိုင် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မအားလပ်သဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ  အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက နောင်တုံကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေမည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြနှင့် ကဗျာစာအုပ်များကို အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ကျောင်းအုပ်ဆရာကြီးထံ အုပ်ရေ(၃၀)ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်ကို ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ အမှားနှင့်အမှန်ဝေဖန် ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး စာအုပ်၊ စာစောင်များပြန်လည် အပ်နှံ/လက်ခံခြင်း၊ အသစ်ပြန်လည် ငှားရမ်းပေးခြင်းတို့ကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)