ပင်းတယမြို့၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ပင်းတယ ဇူလိုင် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း၊ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများအား ဆေးထိုးစုရပ်များသက်မှတ်ပြီး  ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ယနေ့မှစ၍ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။

ကျောင်းနေအရွယ်၊ လူငယ်လူရွယ်များအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား Sinopharm ဆေးကိုလည်းကောင်း၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား/ကျောင်းသူများအား Myncopharm အမျိုးအစားကိုလည်းကောင်း ထိုးနှံပေးခြင်းဖြစ်သည်။ ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရေးလုပ်ငန်းကို ဇူလိုင်(၆)ရက်နေ့မှ စတင်ကာ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အလှည့်ကျ ထိုးနှံပေးမည်ဖြစ်သည်။ ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ပင်းတယမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌလမ်းညွှန်မှုဖြင့် ဆရာ/ဆရာမများ၊  ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးလတ်