ဒဂုံ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာနမှ ယောမင်းကြီး ရပ်ကွက်၌ မိုးရာသီကာလများတွင် ဖြစ်ပေါ်တတ်သော လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ မြို့တော် အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ဓါတ်အားလိုင်းကြိုးများ အစားထိုး လဲလှယ်တပ်ဆင်ခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုး၏ ကြီးကြပ်မှုဖြင့်ဝန်ထမ်းများက ဆောင်ရွက် ကြောင်း သိရသည်။
တပ်ဆင်ဆောင်ရွက်ရာတွင် ယောမင်းကြီးလမ်း (ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ရာညွန့် လမ်းကြား) ရှိ အရွယ်အစားသေးငယ်ပြီး ကြိုးဆက်ရာများသော 6.6KV ACSR ဓါတ်အားလိုင်း အား Insulated Cover ပါသော SAC ကြိုးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ပေးကြောင်း သိရသည်။ ယင်းသို့တပ်ဆင် ပေးခြင်းအားဖြင့် ရပ်ကွက်အတွင်းနေပြည်သူများ မီးသုံးစွဲရာတွင် လျှပ်စစ်ဗို့အား ပြည့်ဝတည်ငြိမ်စွာအသုံး ပြုနိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)