တုံတာ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကူးစက်မြန် ကိုဗစ်-၁၉ရောဂါကြို တင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးအတွက် မြို့အတွင်းရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်မှုကို တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီခန့်က ဆောင် ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် တုံတာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည် ပင်သာယာရေး ကော်မတီရုံးခွဲနှင့်မြို့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များလိုက်နာ ဆောင်ရွက်ရန် ပညာပေး ပြောကြားပြီး စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ အနေဖြင့် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုလုပ်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်၊ ရောင်းသူ/ ဝယ်သူများ နှာခေါင်းစည်း( Mask)များ တပ်ဆင်ရန်နှင့် ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းများ တွေ့ရှိပါက ရောင်းချသူနှင့် စားသုံးသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)