နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၉၁၂ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ

နောင်ချို ဇူလိုင် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၉၁၂) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၁၆.၈.၂၀၀၆ တွင် စတင်တည်ထောင်ခဲ့ပြီး မြို့တွင်းဘုန်းတော်ကြီးကျောင်းခုနှစ်ကျောင်းမှ သံဃာတော်အပါးတစ်ရာ ကျော်အားအရုဏ်ဆွမ်းများ နေ့စဉ်မပြတ် လောင်းလှူလျက်ရှိကာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင်အကြိမ်ရေ ၄၉၁၂ ကြိမ်အဖြစ် ဦးဝင်းသိန်းအားရည်စူး၍ နောင်ချိုမြို့ဈေးရပ်ကွက်နေ  ဦးကျော်မြင့်(ထိပ်တန်း)+ဒေါ်နန်းဝါဝါရွှေမိသားစုအလှူနှင့် မြို့နယ်အတွင်းအလှူရှင်များမှ လောင်းလှူခဲ့ကြသည်။

အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှလှူဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာအရုဏ်ဆွမ်းအတွက် အလှူငွေကျပ် ရှစ်သောင်းတိတိလှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့်နေ့များတွင် သံဒါနဆွမ်းလောင်းအသင်းမှလောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)