နမ့်ဆန် ဇူလိုင် ၆
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ အတွင်းရေးမှူးဦးစိုးနိုင်နှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက် (၁၁) နာရီအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ လာရောက်စစ်ဆေးရာတွင် ရုံးစာကြည့်တိုက်ပြင်ဆင်ထားမှုအခြေအနေ၊ (Mini Museum) ပြတိုက်ငယ်ထားရှိမှုများ၊ ကလေးစာဖတ်ခန်း ပြင်ဆင်ထားရှိမှုများအား လှည့်လည်ကြည့်ရှုပြီး စာအုပ်စာစောင်များကိုဌားရမ်းပြီး ကာလာပရင်ဒါ(၁)လုံး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်