ကလောမြို့နယ် ဘော်နင်းကျေးရွာတွင် Smart Village စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကလော ဇူလိုင် ၆

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်  ဘော်နင်းကျေးရွာအုပ်စု၊ ဘော်နင်းရွာသစ်ကျေးရွာအား စံပြကျေးရွာ (Smart Village) အဖြစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီခန့်က  ဘော်နှင်းရွာသစ်ကျေးရွာ ဘုန်းကြီးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘော်နှင်းရွာသစ်ကျေးရွာ၊ စံပြကျေးရွာ (Smart Village) အား ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ကွန်ကရစ်လမ်းဖောက်လုပ်နိုင်ရေး၊ အခြေခံအဆောက်အအုံ၊ ဝင်ငွေရရှိရေးလုပ်ငန်းများဖြစ်သည့် စက်ချုပ်သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ Computer အခြေခံသင်တန်းများဖွင့်လှစ်နိုင်ရေး၊ အမှိုက်ကင်းစင်ရေး စသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်မြင့်သောင်းက အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်(၉)မျိုးနှင့် လုပ်ငန်းခွဲ (၃၇)မျိုးတို့အား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ကလော(ပြန်/ဆက်)