ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး TALK SHOW ဆောင်ရွက်

ပင်းတယ ဇူလိုင် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြည်သူလူထုအသိပညာပေးအစီအစဉ်များအား Online မှတစ်ဆင့် ရိုက်ကူးထုတ်လွင့်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေပွဲ Talk Show အားပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် လျှပ်စီးမိုးကြိုးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဆောင်ရန်ရှောင်ရန်များ၊ ကာကွယ်ရန်နည်းလမ်းများစသည့်တို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ ဦးစီအရာရှိ ဒေါ်မိုမိုးထွေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာသိန်းတို့မှ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲအား အများပြည်သူ သိရှိစေနိုင်ရန်အတွက် online မှတစ်ဆင့် We Love Pindaya Page နှင့် ပင်းတယမြို့ ပြည်သူ့စာကြည့်တိုက် Page တို့တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)