အလုံမြို့နယ်တွင် အခြေခံပညာအဆင့် ကျောင်းသား၊ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​​

အလုံ ဇူလိုင် ၅

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိရာ ယ​နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အမှတ်() အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ​ကျောင်းသား၊ကျောင်းသူ(၆၈)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ပထမအကြိမ် ထိုးနှံ​ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ(၂၆၈)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ဒုတိယအကြိမ်ထိုးနှံ​ပေးပြီး စုစု​ပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၃၆)ဦးအား  ကိုဗစ်-၁၉ ကာကွယ်​ဆေးများကို ​ ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ ထိုးနှံ​ပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၂၇၄၆၂)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ  (၂၅၂၄၁) ဦး ရှိ​​ပြီဖြစ်ပြီးကြောင်း သတင်းရရှိသည်။

င်တင်ချို