စမ်းချောင်း ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်ရှိ ကျွန်းတောစျေးတွင် ယမန်နေ့ နံနက် (၁၀) နာရီက မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျွန်းတောစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရဆွေနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးဦးစီးမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက စျေးအတွင်းရှိ ဆိုင်ခန်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးခြင်း၊ စျေးဆိုင်ရှင်စျေးသူ၊ စျေးသားများအား မီးသတ်ဆေးဗူး အသုံးပြုပုံများ၊ အရေးပေါ် မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်း၊ မီးသတ်ရေတိုက်ငုပ်များ စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးဘေးအန္တရာယ် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအသက်အိုးအိမ် စည်းစိမ်များ၊ ကုန်ထုတ်အရင်းနှီးများကို မီးဘေးအန္တရာယ်မှ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် လုပ်ငန်းများကို မြို့နယ်အတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ခင်ငြိမ်းချမ်းဝင်း