နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇူလိုင်  ၆

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၊ အုန်းတောဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌  မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတောင်သူများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး က တောင်သူများနှင့် တွေ့ဆုံရာတွင် လူမူစီးပွားဘဝဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးစေရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်စေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုစေမည့် ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးနှင့်  တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးမှသည် မိသားစုအားထားနိုင်သည့် လုပ်ငန်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒက္ခိဏသီရိမြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများမှ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း၊ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တောင်သူများက စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ပေးရေး၊ သွင်းအားစုဓာတ်မြေဩဇာများ ပံ့ပိုးရောင်းချပေးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်များရရှိရေး၊ ကုန်ထုတ်လမ်းကောင်းမွန်စေရေး၊ ရေဆိုးထုတ်မြောင်းဖောက်လုပ်ပေးရေး၊ ကျေးရွာချင်းဆက်လမ်း ရရှိရေးစသည့် လိုအပ်ချက်များကိုတင်ပြရာ သက်ဆိုင်သည့် ဌာနဆိုင်ရာများက လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်  တောင်သူများ၏တင်ပြချက်များကို သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများက ကွင်းဆင်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြုရေးကိုအခြေခံပြီး ဖွံဖြိုးတိုးတက်အောင် ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်း၊ နွေရာသီတွင် နေကြာ၊ မြေပဲ၊ နှမ်း၊ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်းနှင့် အခြားသီးနှံများ သီးထပ်သီးညှပ်များ အဖြစ်စိုက်ပျိုးပြီး မိသားစုများဝင်ငွေများ တိုးပွားရေးတို့အတွက် သက်ဆိုင်သည့် ဌာနဆိုင်ရာများက ကြိုတင်ပြင်ဆင်၍ ပူးပေါင်းဆောင်ရွက်ကြမည့် အစီအမံများကိုလည်း ပြန်လည်တင်ပေးစေလိုကြောင်း၊ သီနှံများအထွက် နှုန်းများတိုးပွားရေး၊ ဒေသတွင်းဖူလုံရေးနှင့် ထုတ်လုပ်ရောင်းချနိုင်သည်အထိ ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် ကျန်းမာရေးအသိ၊ လုံခြုံရေး သတိရှိစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)