ရွှေပြည်သာ ဇူလိုင် ၆
ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးနိုင်စေရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများက ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် စွမ်းစွမ်းတမံပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့်အတွက် အဆိုပါ စေတနာ့ဝန်ထမ်းများအား ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရွှေပြည်သာမြိုနယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကိုဗစ်ကာလအတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်း (၁၁) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ် (၁) သိန်း ဂုဏ်ပြုချီးမြှင့်ရာ စေတနာ့ဝန်ထမ်းများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အေးမိုး( ပြန်/ဆက်)