ဒေါ့ဖုန်းယန်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူ ၁၀၉၀ ဦးအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ဒေါ့ဖုန်းယန် ဇူလိုင် ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူ ၁၀၉၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ ကာကွယ်ဆေးထိုးနှံအုပ်စုများဖြစ်သည့် အခြေခံပညာကျောင်းများ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဒေါ့ဖုန်းယန်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပညာရေးဌာနမှဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်းနှင့် စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများပြုလုပ်၍ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့် ကျောင်းသား/ ကျောင်းသူ ဒေါ့ဖုန်းယန်မြို့ အထက်တန်းကျောင်းမှ (၁၀၀)ဦး၊ ဖာကေကျေးရွာအုပ်စု အခြေခံပညာကျောင်းများမှ (၁၈၇)ဦး၊ သိန်လုံကျေးရွာအုပ်စု အခြေခံပညာကျောင်းများမှ (၁၄၁)ဦး၊ တိန်းဘုရားကျေးရွာအုပ်စု အခြေခံပညာကျောင်းများမှ (၂၁၉)ဦး၊ တာဆိုင်ကျေးရွာအုပ်စု အခြေခံပညာကျောင်းများမှ (၂၀၀)ဦး၊ မံသဲကျေးရွာအုပ်စု အခြေခံပညာကျောင်းများမှ (၅၈)ဦး၊ တုန်ဟုန်းယန်ကျေးရွာအုပ်စု အခြေခံပညာကျောင်းများမှ (၁၅)ဦး၊ နားလုံကျေးရွာအုပ်စု အခြေခံပညာကျောင်းများမှ (၅၂)ဦး၊ မံမော်ကျေးရွာအုပ်စု အခြေခံပညာကျောင်းများမှ (၄၃)ဦးနှင့် မံပိန်ကျေးရွာအုပ်စု အခြေခံပညာကျောင်းများမှ (၇၅)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၁၀၉၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးကြောင်း ထုတ်ပေးသည့် လက်မှတ်များအား သက်ဆိုင်ရာ ကျောင်းအုပ်များထံသို့ ပေးအပ်ခဲ့မည်ဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။

ဒေါ့ဖုန်းယန်(ပြန်/ဆက်)