မန်တုံ ဇူလိုင် ၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က စာပေအကျိုးကျေးဇူး (Talk Show)ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါစာပေအကျိုးကျေးဇူး(TalkShow)တွင် ဦးစီးအရာရှိဒေါ်ယုယုအောင်က စာနှင့်ကင်းသော ပညာဟူ၍မရှိ၊ စာနှင့်ကင်း၍ ကျော်ကြားသူမရှိ၊ စာနှင့်ကင်း၍ လူတစ်ဦးချင်းသာမက လူ့အဖွဲ့အစည်းတစ်ခုပင် ရပ်တည်၍ မရ၊စာသည်ဘက်စုံဖွံ့ဖြိုးရေးအတွက် အုတ်မြစ်ပင်ဖြစ်ကြောင်း၊ အလိမ္မာစာမှာရှိဆိုသည့်အတိုင်း စာပေသည် ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံးကို ယဉ်ကျေးသိမ်မွေ့စေရန် သွန်သင်ဆုံးမပေးနိုင်ကြောင်း၊ “စာအုပ်စာပေလူ့မိတ်ဆွေ”ဆို သည့်တိုင်းစာအုပ်စာပေသည်လူတို့အတွက် မိတ်ဆွေကောင်းဖြစ်ကြောင်း၊ စာပေသည် ဆင်းရဲချမ်းသာ လူ့အလွှာအတန်းအစားမရွေး လမ်းညွှန်မှုများပေးကြောင်း၊ “မှတ်သားဖွယ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်” ဟူသည့်စကားအတိုင်း စာကိုမပြတ် ရှာဖွေဖတ်သင့်ပါကြောင်း ပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်လွေးအေးတင်က ယနေ့ကျောင်းများတွင် လူငယ်များ စာပေလေ့လာတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ စာကြည်တိုက်များတွင် သုတ၊ ရသစာအုပ်မျိုးစုံရှိအောင် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ ဖတ်ရှုနိုင်အောင်စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ စာရေးဆရာကြီး လူထုဦးလှက “စာမဖတ်သူသည် တိုးတက်မှုရပ်နေသည်၊ စာဖတ်သူသည်တိုးတက်မှုတိုးတက်နေသည်” ဟုရေးသားမိန့်ဆိုခဲ့ပါကြောင်း၊ စာရေးဆရာကြီး ပီမိုးနင်းက “စိတ်ကိုအသိဉာဏက အုပ်စိုး၏။ အသိဉာဏ်ကို ဗဟုသုတကအုပ်စိုး၏။ ဗဟုသုတကို စာပေကအုပ်စိုး၏။ ဟု ရေးသားခဲ့ပါကြောင်းဖြင့် စာပေအကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)