လဲချား ဇူလိုင် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် တောင်သူများအတွက် စိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ထုတ်ချေးပေးခဲ့သည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးရာတွင် လွိုင်လင်ခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲမှ ဝန်ထမ်းများက လဲချားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၄)အုပ်စု၊ တောင်သူပေါင်း (၅၁၀)ဦးအတွက် တစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ဧကပေါင်း(၂၈၀၀)အတွက် စိုက်ပျိုးစရိတ်ချေးငွေစုစုပေါင်း သိန်းပေါင်း (၄၂၀၀)ကျပ်ကို တောင်သူများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)