မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မိုင်းနောင်  ဇူလိုင်  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အ​ခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးနှင့် ထူးချွန်စွာအောင်မြင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ကျောင်းသားမိဘများအား အခြေခံပညာအထက်တန်းတွင် ပညာသင်ယူနေသော ကျောင်းသား၊ကျောင်းသူများအားလုံး နောင်လာမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်အောင်ချက်မြှင့်မားရေး၊ ထူးချွန်စွာ အောင်မြင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း၍ ထပ်မံဖြည့်စွက်လိုသည့်အချက်များရှိပါက အကြံပြုပေးကြပါရန်  ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသားမိဘများက သိရှိလိုသည့်အချက်များအား မေးမြန်းခြင်း၊ လိုအပ်ချက်များအား ဖြည့်စွက်အကြံပြုခြင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အောင်ချက်မြှင့်မားရေးနှင့် ထူးချွန်စွာအောင်မြင်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းပံ့ပိုးရမည့် ကိစ္စရပ်များအား ဆွေးနွေးကာ ဆရာ၊ မိဘ၊ ကျောင်းသားများ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)