မိုင်းယောင်း ဇူလိုင် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့နံနက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်အရ တော်ဝင်မိုင်းယောင်း သမဝါယမအသင်းမှ ဆောင်ရွက်နေသော တန်(၄၀)ဆန်စက်အား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါဆန်စက်သည် ခန့်မှန်း ဇူလိုင် ၁၅ ရက်နေ့တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း၊ 20 KVA Transformer သည် ယခုလကုန်အပြီး တည်ဆောက်မည် ဖြစ်ကြောင်း၊ စပါးပေါ်ချိန် မရောက်သေးမီ ကာလအတွင်း စက်အားစမ်းသပ်လည်ပတ်မည်ဖြစ်ပြီး လိုအပ်သည်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆန်စက်မှစွန့်ပစ်ပစ္စည်းများကို တိရစ္ဆာန်အစာအပြင် အခြားအသုံးပြု၍ရသည့် နေရာများတွင် အလေအလွင့်မရှိဘဲ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆန်စက်အဝင်လမ်းအား ကျေးလက်ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်နိုင်ရေး ခွင့်ပြုချက်ရရှိပြီဖြစ်ပါသဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မြေပိုင်ဆိုင်မှုရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း