နောင်ချို ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဉာဏ်တောအုပ်စု၊ ဉာဏ်တောကျောင်းတိုက် ရွှေဉာဏ်မြေ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ သဖန်းကိုင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်များမှ ဩဝါဒစကား ချီးမြှင့်ခဲ့သည်။ ၎င်းနောက်ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်။
အခမ်းအနားသို့ နောင်ချိုမြို့နယ် ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ သဖန်းကိုင်းပရဟိတဆရာတော် ဒေါက်တာဘဒ္ဒန္တပညာလင်္ကါရ၊ ဉာဏ်တောကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတ၊ ဘဒ္ဒန္တ ခန္တီသောမနှင့် ရပ်မိရပ်ဖများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)