သာကေတမြို့နယ်ရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံဆောင်ရွက်လျက်ရှိရာ (၁၀၁၀)ဦးအား ထိုးနှံပြီးစီး

သာကေတ ဇူလိုင် ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅) နှစ်မှ (၁၂)  နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် Phase-12 (Sinopharm) ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ဆေးထိုးနှံရန် အကျုံးဝင်သည့် လျာထားကျောင်းသား၊ကျောင်းသူဦးရေ (၈၉၀၆)ဦးရှိရာ (၁၀၁၀)ဦးအား ထိုးနှံပြီးကြောင်း သိရသည်။

သာကေတမြို့နယ်၌ ကျောင်းအ‌ခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ် Phase-12 (Sinopharm) အား ဆက်လက်ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီမှ မွန်းလွဲ (၁၄)နာရီအထိ ၂/တောင်ရပ်ကွက်ရှိ တော်ဝင်ပုဂ္ဂလိက ပညာ‌ရေးကျောင်း၊ ရှုခင်းသာရပ်ကွက်ရှိ နတ်မောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ကျောင်းသူ (၆၁၀)ဦးအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာ‌ရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့် ကျောင်းသား၊ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်း ရှိ၊ မရှိ၊ ကာကွယ်ဆေးများထိုးနှံထားခြင်း ရှိ၊ မရှိ၊ စနစ်တကျ စစ်ဆေးပြီး ဆေးထိုးအဖွဲ့ (၂) ဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်လျက် ရှိသည်။

သာကေတမြို့နယ်ရှိ မူလတန်း(၄၆)ကျောင်း၊ အလယ်တန်း(၆)ကျောင်း၊ အထက်တန်း (၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း (၈) ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် ကျောင်းသား၊ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်‌‌ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ