ဝမ်းတွင်း ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အောင်ဆုကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဖွေးဖွေးဖြူစင်ကိုယ်ပိုင် အထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူးဦးစိုးထွန်းမှ မြို့နယ်အတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီးတပ်ဖွဲ့ဝင်များက ကိုယ်ပိုင်အထက်တန်းကျောင်းများအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားစေနိုင်သော ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုများကိုစစ်ဆေးခြင်း၊ လျှပ်စစ်မီးသုံးစွဲမှုများကို စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံများကို ရှင်းလင်းဆွေးနွေးပြသပေးခဲ့ ကြောင်းသိရသည်။ ဝမ်းတွင်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ မီးဘေးအန္တရာယ်ဆိုင်ရာမြေစိုက်ဗီနှိုင်းများစိုက်ထူးခြင်း၊ စက်ရုံးအလုပ်ရုံ၊ ဌာနဆိုင်ရာများသို့ ကွင်းဆင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှုးဦးစိုးထွန်းဦးဆောင်၍ တပ်ဖွဲ့ဝင်များကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)