ကျောက်ဆည် ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် သောက်သုံးရေအခက်အခဲရှိသောကျေးရွာများအား သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ကုန်းကြီးကျေးရွာတွင် ရေပေးဝေရေးလုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
ရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်ဆေည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်(၃၂.၉၈)ကျပ်သန်း အကုန်အကျခံကာ ရေစက်ရုံပါဝင်သည့် ရေဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်(၁)ခု၊ အကျယ်(၄)လက်မ၊အနက် (၄၀၀)ပေ၊ စက်ရေ တွင်း(၁)တွင်းနှင့် ကျေးရွာအတွင်း ရေပေးဝေရေးအတွက် အကျယ်(၂)လက်မ(VPC)ရေပိုက် အရှည် (၁)မိုင် သွယ်တန်းပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဒေါ်ဌေးဌေးရီဦးစီးအရာရှိ (နည်းပညာ)တို့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကုန်းကြီးကျေးရွာမှ အိမ်ခြေ(၄၇၆) အိမ်၊ လူဦးရေ(၂၀၇၇)ဦးအတွက် သောက်သုံးရေများ ရာသီမရွေးသုံးစွဲနိုင်တော့မည်ဖြစ်ပြီး ကျွဲ၊ နွား တိရိစ္ဆာန်များအတွက်လည်း သောက်သုံးရေများဖူလုံတော့မည် ဖြစ်ကြောင်း သိရသည်။
သက်မောင်