လှိုင် စက်တင်ဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး အတွက် မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ မြို့နယ်အတွင်းရှိစျေးများတွင် ရောင်းချလျက်ရှိသော စျေးသည်များ၊ စျေးဝယ်များ၊ နှာခေါင်းစည်းများ တပ်ဆင်ကြရန်လက်ဆေးကြရန် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့ပိုင်စျေးများ ဖြစ်သည့် သီရိမင်္ဂလာစျေး၊ရွှေပိတောက်ငါးစျေး၊ လှိုင်စျေးကြီး၊၊ လှိုင်ရတနာ စျေး၊ ရွှေဟင်္သာစျေး၊ အုတ်ကျင်းစျေးတို့တွင် ရောင်းချလျက်ရှိသည့် စျေးသည်များနှင့် စျေးဝယ် များ စနစ်တကျ နှာခေါင်းစည်းများ တပ်ဆင်စေရေး၊ လက်ကိုသေချာစွာ ဆေးကြောစေရေး တို့အတွက် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ၍ ၎င်းစျေးများတွင် နေ့စဉ် လက်ကိုင် အသံချဲ့စက်များဖြင့် အသိပညာပေး ခြင်းလုပ်ငန်းများ၊ အပူချိန် တိုင်းခြင်းများ အားစနစ်တကျ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကြောင့် ဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကာကွယ်ရေးနှင့် ကူးစက်မှုအခြေအနေများ ထိန်းချုပ်နိုင်ရေး အတွက်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြပြီး ပြည်သူများ အနေဖြင့် မိမိတို့နေအိမ်များတွင် Stay Home နေထိုင်ကြပါရန် ပြင်ပသို့ မဖြစ်မနေ ထွက်ခွာရပါက နှာခေါင်းစည်းMask များတပ်ဆင်ကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကြည်ဇေသော် (ပြန်ဆက်)