ရွှေပြည်သာ ဇူလိုင် ၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဇွန် ၂ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၁၈) အခြေခံပညာ မူလတန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၉)ကျောင်း အခြေခံပညာမူလတန်းကျောင်း (၃၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၄)ကျောင်း စုစုပေါင်း (၈၄)ကျောင်းမှ ကျောင်းသား/သူများကို ရွှေပြည်သာမြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဖွဲ့များခွဲကာ အလှည့်ကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/သူများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း