လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသစ်ပြင်ဆင်ထားရှိသော လူကုန်ကူးမှုဥပဒေအကြောင်း ဟောပြောပွဲပြုလုပ်

လားရှိုး ဇူလိုင် ၅

အမှတ်(၁၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (လားရှိုး)က ယနေ့ နံနက် ၁၀ နာရီ အချိန်က လားရှိုးမြို့  အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အသစ်ပြင်ဆင်ထားရှိသော လူကုန်ကူးမှုဥပဒေအကြောင်း ဟောပြောပွဲကျင်းပကြောင်း သိရသည်။

အဆိုပါဆွေးနွေးဟောပြောပွဲ၌ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်မာမာမင်းက မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး အမှတ် (၁၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (လားရှိုး) တပ်ဖွဲ့စုမှူးရဲမှူးဝင်းညွန့်က အသစ်ပြင် ဆင်ထားရှိသော လူကုန်ကူးမှုဥပဒေအကြောင်းနှင့် လူကုန်ကူးမှုအသိပညာပေးခြင်းလုပ်ငန်းများ အကြောင်းကို (Projector)ဖြင့်ရှင်းလင်းဟောပြောခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အမှတ်(၁၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (လားရှိုး)မှ ဒုရဲအုပ်တို့ကဟောပြောကြရာ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှသတင်တန်းသူ(၃၅)ဦးနှင့် သင်တန်းဆရာမ များတက်ရောက်ခဲ့ကြသည်။

ဟန်ဌေး(လားရှိုး)