ဝမ်းတွင်း ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မူမြစောမှ မိမိတို့ဌာနအနေဖြင့် လူထုအကျိုးပြု အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိပြီး သုတရသစာပေ၊ ကလေးများအတွက် ဗဟုသုတရရှိစေရန် အသိပညာပေးခြင်းများကိုပါ Online Facebook Page မှတစ်ဆင့် နေ့စဉ် တင်ဆက်ပေးလျက်ရှိကြောင်းနှင့် သဘာဝဘေး၊ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်များ ကျင်းပပြုလုပ်ရခြင်းများ၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်အိအိမွန်မှ မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုနှုန်းများတဲ့ ဘေးအန္တရာယ်များဖြစ်သည့် ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်၊ ဇလဗေဒဆိုင်ရာဘေးအန္တရာယ်၊ မိုးလေးဝသဆိုင်ရာဘေးအန္တရာယ်၊ ရာသီဥတုဆိုင်ရာဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်ဆိုင်ရာအကြောင်း သိကောင်းစရာများနှင့် ဘေးအန္တရာယ်(၂)မျိုးဖြစ်သည့် သဘာဝနှင့်ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ဘေးအမျိုးအစား၊ လူနှင့်စက်မှုနည်းပညာတွေကြောင့် ဖြစ်ပေါ်လာတဲ့ဘေးအန္တရာယ်ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုအသိပညာပေး မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ခံအရာရှိများက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)