မိုင်းနောင် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုကို ကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပြည်ပနှင့် အတည်ပြုလူနာ (၃)ဦး ရှိသည့် ဒေသမှပြန်လည်ရောက်ရှိနေသူများအား သက်ဆိုင်ရာ Quarantine Center များတွင် စနစ်တကျ ထားရှိ၍ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးလျက် ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် တရုတ်ပြည်မှ ပြန်လည် ရောက်ရှိနေသူ (၁)ဦး၊ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိနေသူ (၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ရောက်ရှိနေသူ (၁၃)ဦး၊ စုစုပေါင်း (၁၇)ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူ၍ လိုအပ်သည် များ ဆောင်ရွက်ကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ဆက်လက်ပေးပို့ခဲ့ပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ထူးခြားမှုတစ်စုံတစ်ရာရှိပါက သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် သွားမည်ဖြစ်ပါကြောင်း သိရသည်။
မိုင်းနောင် (ပြန်/ဆက်)