အုတ်ဖို ဇူလိုင် ၅
ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ကျောင်းကြီးတန်းရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအုတ်ရေမြောင်းမှာ အရှည် (၈၀၀) ပေ၊ အကျယ် (၄)ပေ၊ အနက် (၃)ပေခွဲ ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ရာနှုန်းပြည့် ပြီးစီးပါက မြို့နေလူထု၏ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်နိုင်ရန် ပိုးလောက်လန်းများ မပေါက်ဖွားနိုင်အောင် မြောင်းပိတ်ဆို့မှုမှ ကင်းဝေးပြီး ရေစီးရေလာ ပိုမိုကောင်းမွန်လာမှာ ဖြစ်သည့်အပြင် မြောင်းပုတ်နံ့နံခြင်းမှလည်း ကင်းဝေးအောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်များ၏ ရေကြီးရေလျှံမှုမှလည်း ကင်းဝေးနိုင်မှာဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။
အောင်သူ (ပြန်/ဆက်)