အလုံမြို့နယ်၌ ​သွေးလွန်တုပ်​ကွေး ကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ဆောင်ရွက်

အလုံ ဇူလိုင်

ပြည်သူများ ခြင်မှတဆင့်ကူးစက်တတ်​သောသွေးလွန်တုက်​ကွေး​ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယ​မန်နေ့ မွန်းလွဲပိုင်း ၃ နာရီက ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်းလုပ်ငန်းများ​ကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနအစီအစဉ်ဖြင့် လွတ်လပ်ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ​ နေအိမ်များအတွင်းရှိ ခြင်ခို​အောင်းနိုင်​သောနေရာများအား ခြင်ဆေးမှုတ်ခြင်း၊ ရေဝပ်​သောနေရာများ၊ရေစည်၊ရေအိုးများအတွင်းသို့  အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာ​ပေး​ဆွေး​နွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့​ကြောင်း သတင်းရရှိသည်။

တင်တင်ချို