ဒဂုံမြောက် ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့်ပန်းချီ ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ အထက်တန်းအဆင့်၌ စာစီစာကုံးပြိုင်ပွဲတွင် (၁၈) ဦး၊ ကဗျာပြိုင်ပွဲတွင် (၈) ဦးနှင့် ပိုစတာပြိုင်ပွဲတွင် (၆) ဦးနှင့် အလယ်တန်းအဆင့်၌ စာစီစာကုံးပြိုင်ပွဲတွင် (၃၅) ဦး၊ ကဗျာပြိုင်ပွဲတွင် (၇) ဦးနှင့် ပန်းချီပြိုင်ပွဲတွင် (၁၉) ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၉၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲများတွင် ဆုရရှိမည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ ထံမှ သတင်းရရှိသည်။
မြင့်မြင့်ရီ