ဒဂုံမြောက် ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌဦးသိန်းဝင်း(သိန်းဝင်းဇော်)မှ မြို့နယ်နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရန် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အမှုဆောင်များမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဘဏ္ဏာရေးဆိုင်ရာလုပ်ငန်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများဖြစ်သည့် စာဖတ်ဝိုင်းများ၊ Talk Show များကို ဆက်လက် ကူညီဆောင်ရွက် ပေးသွားရေးတို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၁:၃၀)တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)