မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ ပြိုင်ပွဲများကျင်းပ

မင်္ဂလာဒုံ ဇူလိုင် ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီအချိန်က(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကို ခေါင်းစဉ်(၈)မျိုးဖြစ်သော အာဇာနည်နေ့တို့မမေ့၊ ၁၉ ဇူလိုင်မမေ့နိုင်၊ ၁၉ ဇူလိုင် သမိုင်းမှတ်တိုင်၊ အာဇာနည်နေ့နှင့် လူငယ်တာဝန်၊ အစဉ်မမေ့အာဇာနည်နေ့၊ အာဇာနည်နေ့အဓိဌာန်၊  အာဇာနည်ဖွားတိုင်းရင်းသား၊ ဇူလိုင်မိုးနှင့်အာဇာနည်ကိုးဦးစသည့် ခေါင်းစဉ်များဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား(၄၇)ဦး၊ ကျောင်းသူ(၁၁၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၅၉) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ထူးချွန်သောကျောင်းသား၊ ကျောင်းသူများအား ခရိုင်အဆင့်စစ်ဆေးခြင်း၊ တိုင်းအဆင့် စစ်ဆေးခြင်းများအဆင့်ဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားပြုလုပ်၍ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူးထံမှသိရှိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ )