မက်မန်း ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ သင်ကြားပြသသည့်ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယမန်နေ့က မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌဒေါ်ညိုက အမျိုးသမီးများနှင့်ပတ်သက်သည့်အကြောင်း အရာများအမျိုးသမီးများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူများ ဘောဂဗေဒဘာသာရပ်တွင် ဂုဏ်ထူးရရှိသူကျောင်းသား/သူ (၆)ဦးအားနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးသည့် ဆရာမအား ဂုဏ်ပြုဆုပေးအပ်ခြင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်အောင် သင်ကြားပေးသည့် ဆရာ/ဆရာမများအား အသီးသီးဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ် အမျိုးသမီးရေးရာအနေဖြင့် အမျိုးသမီးများနှင့်ပတ်သက်သည့်လုပ်ငန်းများ လူမှူရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။