ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ရန်ကင်း  ဇူလိုင်  

ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ရန်ကင်းမြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ မြနန္နာလမ်း၊ အမှတ် (၂၉၈)ရှိ အလုပ်သမားဝန်ကြီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)တို့ ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၀၈:၃၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း က သင်တန်းပြီး မြောက်ပြီးနောက်မှာ သက်ဆိုင်ရာလုပ်ငန်းခွင်တွေကို ချိတ်ဆက်လုပ်ကိုင်ဖို့ လိုအပ်သလို သင်တန်းကသင်ကြားပို့ချပေးလိုက်တဲ့ အသိပညာ ကျွမ်းကျင်မှုတွေ အပေါ်အခြေခံပြီး မိမိလုပ်ဆောင် ရတဲ့လုပ်ငန်းကို စိတ်စေတနာကောင်းမွန်စွာနဲ့ အရည်အသွေးကောင်းမွန်မှုရှိစေရေးကို အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိကိုလုပ်ငန်းအပ်နှံသူတွေအတွက် စိတ်ကျေနပ်မှ (Customer Satisfaction) အပြည့်အဝရရှိမှာဖြစ်ပြီး၊ မိမိရဲ့လုပ်ငန်းဆောင်ရွက်ချက်ကို ယုံကြည်မှုရှိကာ မိမိအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့်  အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)