လားရှိုးတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့်မိတ်ဆုံစားပွဲကျင်းပ

လားရှိုး ဇူလိုင် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် မိတ်ဆုံစားပွဲကို ယမန်နေ့ ညနေ(၅)နာရီအချိန်က ကမ္ဘောဆောင်(အမျိုးသား)နှင့် ယွန်းနဒီ(အမျိုးသမီး) အဆောင်တွင်ကျင်းပရာ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင်  လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် ကျောင်းသားကျောင်းသူများက အကပဒေသာဖြင့် ဖျော်ဖြေခဲ့ကြသည်။ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပရခြင်းသည် လားရှိုးတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ရင်းနှီးမှုစည်းလုံးညီညွတ်မှုများဖြင့် အမိတက္ကသိုလ်တွင်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)