ဘူးသီးတောင် ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှအသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ကိုဗစ်-၁၉ ရောဂါညွန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် မွေးစမှ အသက်တစ်နှစ်အောက် ကလေးများအားဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့-ကြက်ညှာ-မေးခိုင် - အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယို ကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ် ဆေးများကို မွေးစ၊အသက်(၂)လ၊ အသက်(၄)လ၊ အသက်(၆)လ၊အသက်(၉)လနှင့် အသက်တစ်နှစ်အထိ ကလေးငယ်များအား သတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်း၍ အကြိမ်ရေအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)