တက္ကသိုလ်၀င်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သည့် ရွှေစပါးနှံ ဆိုင်ကယ် ခရီးသည်ပို့ဆောင်ရေး အသင်း၀င်များ၏ သား/ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်

မော်လမြိုင် ဇူလိုင် ၄

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင်‌ ရွှေစပါးနှံ မော်တော်ဆိုင်ကယ် ခရီးသည်ပို့ဆောင်ရေးအသင်း အသင်း၀င်များ၏ သား/သမီး များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါ ခရီးသည်ပို့ဆောင်ရေးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ရွှေစပါးနှံ မော်တော်ဆိုင်ကယ် ခရီးသည်ပို့ဆောင်ရေး အသင်းဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အသင်း၀င်များက ၆ ဘာသာဂုဏ်ထူးရှင် ဦးမြင့်စိုး၏သား မောင်ဟိန်းထက်ကျော်၊ တက္ကသိုလ်၀င်တန်းတွင် ရိုးရိုးအောင်မြင်သော မောင်ဟိန်းဇော်၊ မောင်လင်းအရုဏ်နှင့် မခင်၀င်းထက်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများကို တာ၀န်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အသင်းသား အဖွဲ့၀င်များအတွင်း၌ တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် အောင်မြင်သူများ ကျန်ရှိပါက အထောက်အထား အပြည့်အစုံဖြင့် လာရောက်၍ ဆက်သွယ် နိုင်ပါကြောင်းနှင့် ဂုဏ်ပြုဆုများအား ဆက်လက်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရွှေစပါးနှံမော်တော်ဆိုင်ကယ် ခရီးသည်ပို့ဆောင်ရေးအသင်းဥက္ကဋ္ဌထံမှ သိရသည်။

ခင်စန်းမြင့်