ကျိုက်ထို ဇူလိုင် ၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဇူလိုင်လ (၁)ရက်နေ့မှစတင်၍ ရပ်ကွက်/ ကျေးရွာများအလိုက် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ပထမ (၃)လပတ် (ဧပြီ၊ မေ၊ ဇွန် ) လများအတွက် (၁)လလျှင် ၁၀၀၀ဝိ/-ကျပ်နှုန်းဖြင့် ကျပ် ၃၀၀၀ဝိ/-တိတိကို ရပ်ကွက်/ ကျေးရွာအုပ်စု (၄၁) အုပ်စုအတွင်းရှိ ဘိုးဘွား (၅၃၇)ဦးအတွက် ငွေကျပ် (၁၆,၁၁၀,၀၀ဝိ/-) ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာလွင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းသန်းမော်(ကျိုက်ထို)