ကျိုက်မရော ဇူလိုင် ၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း အခြေ ခံပညာ ကျောင်းသား၊ ကျောင်းသူများအား Sinopharm ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ ပေးခြင်းအား ယနေ့ နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော ကျောင်းခန်းမ၌ ပြုလုပ်ပေးလျက် ရှိသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးသည့် နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက အမှတ် (၄) အ.မ.က ကျောင်းနှင့် အ.မက ဘိန်းဗျော အောက်ရွာ၊ ဘိန်းဗျောအပေါ်ရွာ ကျောင်းများမှ ပထမ အကြိမ် (Sinopharm) ထိုးနှံထားပြီးသူ ကျောင်းသား၊ ကျောင်းသူ (၄၂၀)ဦးတို့အား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)