မုံးကိုမြို့၌ မသန်စွမ်းသူစုစုပေါင်း (၂၈)ဦးကို အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေများပေးအပ်

မုံးကိုး     စက်တင်ဘာ  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ နယ်စပ်ဒေသ၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က မသန်စွမ်းသူများကို ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန် က မုံးကိုးမြို့၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း (၂၈)ဦးကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သည်။

အဆိုပါထောက်ပံ့ငွေများကို မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ က အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ပြီး တစ်ဦးလျှင် (၃)သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း ကျပ်ငွေ (၈၄၀၀၀၀)ကို လက်ဝယ်အရောက် အသီးသီးပေးအပ်သည်။

မုံးကိုးမြို့၊ ရပ်ကွက်/ကျေးရွာ အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ ဉာဏ်ရည်ဉာဏ်သွေး မပြည်ဝသူများ၊ အကြားအာရုံမသန်စွမ်းသူများနှင့် အမြင်အာရုံချို့တဲ့သူများကို စနစ်တစ်ကျ မှတ်တမ်းကောက်ယူပြီး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းဇော်ဦး(ပြန်/ဆက်)