စဉ့်ကူးမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အာဟာရဒါနလှူဒါန်းခြင်းနှင့် ဘုရားရင်ပြင်သန့်ရှင်းရေးပြုလုပ်ခြင်းများဆောင်ရွက်

စဉ့်ကူး ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (မိဘမဲ့ကျောင်း)သို့ အာဟာရဒါနလှူဒါန်းခြင်းနှင့် ရွှေမုဌောဘုရားရင်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အာဟာရဒါန လှူဒါန်းရာတွင် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာအုပ်စု၊ လက်ပံလှကျေးရွာရှိ အမှတ်(၁၂) သောတုဇန ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (မိဘမဲ့ကျောင်း)ရှိ ကလေးသူငယ်များ၊ ကိုရင်များ၊ သီလရှင်များနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၀၀) ဦးခန့်အတွက် ဆန်၊ ဆီနှင့် ပဲနို့အချိုရည်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် လှူဒါန်းခဲ့ကြပြီး စဉ့်ကူးမြို့ပေါ်ရှိ ရွှေမုဌောဘုရားရင်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘုရားပန်း ကပ်လှူပူဇော်ခြင်းများကို စဉ့်ကူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်