ခေါဇာမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့‌ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ခေါဇာ ဇူလိုင် ၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ် ကွက်(၂)အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို ဘိုးဘွားတစ်ဦးလျှင်တစ်လလျှင်ငွေကျပ်(၁၀၀၀၀/-)နှုန်းဖြင့် သုံးလစာငွေကျပ်(၃၀၀၀၀)တိတိကို ခေါဇာမြို့ ရပ်ကွက်(၂) အတွင်းရှိ သက်ကြီးဘိုးဘွား(၁၄)ဦးအား ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကို ဘိုးဘွားများလက်ဝယ်သို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ခေါဇာ