ရန်ကုန် ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများမှ ဝန်ထမ်းများ ဗီဒီယိုသတင်းများ ရိုက်ကူးတည်းဖြတ်ပေးပို့ရာတွင် အရည်အသွေးများ ယခင်ကထက် ကောင်းမွန်ပြည့်စုံမှုရှိစေရေးအတွက် ရန်ကုန်အနောက်ပိုင်း ခရိုင်(ဗဟန်း)၊လူထုအခြေပြုဗဟိုဌာန Community Centre၌ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဒုတိယနေ့ကို ယနေ့နံနက်(၁၀)နာရီက ဆက်လက်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် သင်တန်းနည်းပြများက အရုပ်အသံပိုင်းဆိုင်ရာ စနစ်တကျ တည်းဖြတ်နည်းများနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းများကို ဆက်လက်ပို့ချပေးခဲ့ပြီး သင်တန်းပြီးဆုံးချိန်တွင်လည်း လက်တွေ့ လုပ်ဆောင်မှုများပြုလုပ်၍ အသေးစိတ်ပြန်လည် ရှင်းလင်းသင်ကြား ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ဇူလိုင်လ(၂)ရက်နေ့မှ (၃)ရက်နေ့၊နံနက်(၁၀)နာရီမှ မွန်းလွဲ(၂) နာရီအထိ သင်တန်းသူ/သား(၁၂)ဦးတို့အား ဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း၊Intro Maker ပြုလုပ်နည်းနှင့် အရုပ်အသံပိုင်းဆိုင်ရာ စနစ်တကျ တည်းဖြတ်နည်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး