အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ချောင်းဆုံမြို့နယ်လင်းရောင်ခြည် ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အသင်းသားများအား အကျိုးဝေစုများထုတ်ပေးခြင်းနှင့်  နှစ်ပတ်လည်ဆိုင်ရာ အစည်းအဝေးပြုလုပ်

ချောင်းဆုံ ဇူလိုင် ၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်ဖြင့် လင်းရောင်ခြည်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အသင်းသားများအား အကျိုးခံစားခွင့်ဝေစုများထုတ်ပေးခြင်းနှင့် (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးညီညီထွန်းက အဖွင့်အမှာစကားပြောကြားပြီး (အ.လ.က)ခွဲ ကျောင်းအုပ် ဆရာကြီး ဦးသက်ထွန်းက ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ရှင်းလင်းတင်ပြကာ ဒေါ်ခင်အေးမော်က လင်းရောင်ခြည်ငွေစုငွေချေးသမဝါယမအသင်း အမှုဆောင်အမည်စာရင်းအား ဖတ်ကြားတင်ပြသည်။ ဆက်လက်၍ (အ.ထ.က) ကျောင်းအုပ်ဆရာ ကြီးဦးသန်းမြင့်က အသင်း၏ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာတာဝန်ရှိသူ များက အသင်းသားများအား အကျိုးအမြတ်ခံစားခွင့် ဝေစုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ရာ အသင်းသားများ ကိုယ်စားတာဝန် ခံတစ်ဦးက လက်ခံရယူသည်။

ထို့နောက် လင်းရောင်ခြည်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ အသင်းသား/သူ (၈၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)