ဗိုလ်တထောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “စာပေမှရရှိသောအသိပညာ” ဆွေးနွေးပွဲ(TalkShow)ဆောင်ရွက်

ဗိုလ်တထောင် ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ၊ စာပေမှရရှိသော အသိပညာများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ( ၁ဝး၀၀) နာရီက ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆွေးနွေးပွဲ (Talk Show)ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သိန်းသိန်းယဉ်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် ဆရာမဒေါ်ဇင်ဇင်မော်က ပြည်သူများအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး၊ စာဖတ်သည့်အလေ့အထများရှိရန်၊ အလေ့အထမှ အလေ့အကျင့် ဖြစ်လာပြီး စာပေကိုချစ်မြတ်နိုးလာမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းမှ အသိပညာ၊ ဗဟုသုတ ကြွယ်ဝပြီး ဉာဏ်ရည်၊ဉာဏ်သွေး ပိုမိုတိုးတက်ကြောင်း၊ ဘဝနေထိုင်မှုတွင်လည်း အမှား၊ အမှန် ခွဲခြားပြီး ကောင်းကျိုးဆောင်ရွက်နိုင်ကြောင်း၊ စာပေမှရရှိသော အသိပညာများဖြင့် တန်ဖိုး ရှိသောလူမှုဘဝများ၊ အဆင်ပြေချောမွေ့၍ အောင်မြင်မှု ရရှိနိုင်ကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် Online မှတစ်ဆင့် အသိပညာ ပြန့်ပွားရေး လုပ်ငန်းများကို ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)