စမ်းချောင်းမြို့နယ်၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စမ်းချောင်း ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးစေချင်ကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် အတူ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြေပြင်ရှိလူဦးရေ စာရင်းကောက်ယူခြင်း လုပ်ငန်းများအား အချိန်မီပြီးစီးရေး၊ စာရင်းဇယားမှန်ကန်ရေး ကြိုးစားဆောင်ရွက်ပေး စေချင်ကြောင်း၊ ပန်းခင်း စီမံချက်ဖြင့် ၃၁-၁၂-၂၀၀၅ ရက်မှစ၍ မှတ်ပုံတင်မရှိသေးသူများအား ပြုလုပ်ပေးရေးအတွက် တစ်အိမ် တက်ဆင်းစာရင်း ကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ မီတာခကြွေးကျန် မရှိစေရေး ဂရုပြု ဆောင်ရွက်သွားစေလိုကြောင်း ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာ များမှ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း