ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကလောမြို့နယ် ဝန်ထမ်းများနှင့် တွေ့ဆုံ

ကလော ဇူလိုင် ၂

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် နေပြည်တော်မှ ယနေ့ နံနက် ၉ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဝန်ထမ်းများအား မိမိတို့ဌာန အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်စေလိုကြောင်း၊ ဌာန၏ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ် ဦးစီးအရာရှိက ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက ကလောမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် မှာကြားခဲ့ပြီး ရုံးသန့်ရှင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကာ ကလောမြို့မှ တောင်ကြီးမြို့သို့ ၉ နာရီ ၄၅ မိနစ်အချိန်က ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)