လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်

လားရှိုး ဇူလိုင် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရှိသင်တန်းခန်းမတွင် ယနေ့နံနက် နံနက်(၁၀)နာရီခွဲအချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲကျင်းပကြောင်း သိရသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲအား လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်ပြီးလားရှိုးခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ပါဝင်ပူးပေါင်းကာ လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ စာစီစာကုံးပြိုင်ပွဲခေါင်းစဉ်အနေဖြင့်  “မျိုးဂုဏ်မြင့် မားမြန်မာအမျိုးသမီးများ” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။

စာစီစာကုံးပြိုင်ပွဲအမှတ်ပေးစည်းကမ်းများနှင့် ပတ်သက်၍လည်း လားရှိုးခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲမစတင်မှီအချိန်အတွင်း ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့သည်။

ယခုပြိုင်ပွဲမှ ဆုရရှိသောကျောင်းသားကျောင်းသူများကို ၂၀၂၂ခုနှစ်တွင်ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် လားရှိုးခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)