မရမ်းကုန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ "မြန်မာအမျိုးသမီးများ​နေ့"အထိမ်းအမှတ် Talk Show ကျင်းပ

မရမ်းကုန်း ဇူလိုင် ၁

ဇူလိုင်လ ရက်​နေ့တွင်ကျ​ရောက်မည့် မြန်မာအမျိုးသမီးများ​​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယမန်​နေ့​မွန်းလွဲ နာရီက စာ​ရေးဆရာမ​ ပေါက်ပေါက်နှင့် "မြန်မာအမျိုးသမီးများ​နေ့" အထိမ်းအမှတ် Talk Show ကျင်းပ​ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show တွင် စာ​ရေးဆရာမ​ပေါက်​ပေါက်က မြန်မာအမျိုးသမီးများသည် ​ခေတ်အဆက်ဆက်တွင် တိုင်းပြည်အကျိုးထမ်း​ပိုးရာ၌ အမျိုးသားများနှင့်တန်းတူ တာဝန်ကျေခဲ့ပါ​ကြောင်း၊ မြန်မာအမျိုးသမီး​နေ့ဖြစ်​ပေါ်လာပုံအ​​ကြောင်းများ၊ ပါလီမန်ခေတ်ကဏ္ဍ​ပေါင်းစုံ၌ ထူးချွန်ထက်မြတ်သည့်အမျိုးသမီးများအ​ကြောင်းနှင့် ထားဝယ်အမျိုးသမီး​လေးသူရမချစ်ပိုအ​ကြောင်းတို့ကို အသိပညာရရှိဖွယ် ​ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အေး​အေး​အောင် (ပြန်/ဆက်)